Saturday, September 14, 2013

အမတ်မင်းလစာ

အငတ်သင်းပါဘိ

မတ်မင်းကိုယ်စားလှယ်တို့

အချိုဆွယ် လိုဖွယ်စကားတွေနှင့်

စားကြပေါ့ တိုင်းပြည့်ငွေ။



ဇွတ်မရှက်နိုင်ဘူး

လွှတ်တက်ကာ စားမာန်ဖီကြ

ဟန်ကပြီ လစာကြေးရယ်လို့

ကြည်အေးစွာ အသားယူပေါ့

ချူပြာဖြူ ကျုပ်တို့မွဲပေမယ့်

ဆင်းရဲသူ ပဒေသာက

ချွေကာလေ သူတို့စားမယ်တဲ့

အားရပါပေ။



မတ်မဟုတ်ရင်လေ

ဗျတ်စုတ်မှာ ထမင်းရေနှင့်

အာသာပြေ လွေးမယ့်မျိုးတွေက

ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့

ဟိုတယ်မှာ ပျော်မြူးနိုင်ဘို့

စိတ်ကူးဖြင့် ယဉ်ရှာလေ

တို့ငွေကွဲ့ မတ်မင်း။



တားမရပြီဘူး

စားဝလျှင် မြိန်အည်လို့

ဇိမ်အဆီရစ်ကာ အိပ်ပါလိမ့်

မွတ်သိပ်သူ ပြည်မှာဆူတော့

ကုလားဖြူမင်းထံကြို့နိုင်ဖို့

ဆို့ဟဲ့ အပင်း။





တက္ကသိုလ် နွယ်စိုး

(၁၉၃၈ မဂ္ဂဇင်းတစ်ခုတွင်)



No comments:

Post a Comment